ဆီးချိုရောဂါရှင်များအတွက် အစားအစာအမျိုးအစားများ

၁။ လုံးဝရှောင်ကြဉ်ရမည့် အစားအစာများ

သကြားဓာတ်အလွန်များသည့် လျှာပေါ်တင်ချိုသည့်

  • သကြား၊ ဂလူးကို့စ်၊ ကြံသကာ၊ ထန်းလျက်၊ ပျားရည်၊ ယိုအမျိုးမျိုး၊ ၎င်းတို့နှင့် ပြုလုပ်ထားသော စားစရာများ (ဥပမာ – သကြားလုံး၊ ချောကလက်၊ ဂျယ်လီ၊ ကိတ်မုန့်စသည်)
  • အချိုရည်၊ ဘီယာ၊ ဝိုင်၊ ဝီစကီ၊ အရက်ချို၊ သကြားနှင့် ပြုလုပ်ထားသည့် အဖျော်ယမကာအမျိုးမျိုး
  • သကြားပါသော စည်သွပ်ဗူး၊ သီးစုံစည်သွပ်ဖျော်ရည် အမျိုးမျိုး
  • ကော်ဖီမစ်၊ တီးမစ်များ
  • အချိုလွန်ကဲသော အသီးများ ဥပမာ – သရက်သီး၊ စောင်းလျားသီး၊ ပိန္နဲသီး၊ ကြက်မောက်သီး၊ ဒူးရင်းသီး၊ နာနတ်သီး၊ မင်းကွတ်သီးများကို သွေးချိုမြင့်တက်ချိန်တွင် မစားသင့်ပါ။

အဆီများသော အစားအစာများဖြစ်သည့်

  • ဝက်သားအဆီ၊ ဘဲသား၊ ကြက်ဘဲ အရေခွံစသည်တို့ကိုလည်း မစားသင့်ပါ။

ပြည့်ဝဆီများဖြစ်သည့်

  • စားအုန်းဆီ၊ အုန်းနို့၊ တိရစ္ဆာန်အဆီများကိုလည်း မစားသင့်ပါ။

၂။ ကြိုက်သလောက်စားနိုင်သောအစားအစာများ

သကြားနှင့် ကာဘိုဟိုက်ဒရိတ်အလွန်နည်းသည့်

  • ဟင်းသီးဟင်းရွက်အမျိုးမျိုး (သစ်သီးသစ်ဥများကို ဆိုလိုခြင်းမဟုတ်ပါ။) ဥပမာ – ဗူးသီး၊ ဒန့်သလွန်သီး၊ ဂေါ်ရခါးသီး၊ ခရမ်းချဉ်သီး၊ ရုံးပတီသီး၊ သခွားသီး၊ ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ မန်ကျည်းရွက်၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ဆလတ်ရွက်၊ ကတ်စပွန်ရွက်၊ မြင်းခွာရွက်၊ ဟင်းနုနွယ်ရွက်၊ ပန်းဂေါ်ဖီ၊ ပဲပင်ပေါက်၊ မျှစ်၊ မှို၊ မုန်လာဥနီ/ဖြူ၊ ငရုတ်သီး၊ ငရုတ်ကောင်း၊ မဆလာပဲအမျိုးမျိုး စသည် အဆီနည်းသောအသားများ
  • ငါးအမျိုးမျိုး၊ ပုစွန်၊ ကြက်၊ အမဲနှင့် ဆိတ် 
  • ကော်ဖီမှုံ့၊ လက်ဖက်ခြောက်/စို (ကော်ဖီမစ်၊ တီးမစ်များမဟုတ်ပါ။)

၃။ အသင့်အတင့် (ဆရာဝန်ညွှန်ကြားသည့်အတိုင်း) စားသုံးရမည့်အစားအစာများ

ကာဘိုဟိုက်ဒရိတ်ပါသော

  • ထမင်း၊ ဆန်း၊ ဂျုံ၊ အာလူးတို့ဖြင့် ပြုလုပ်သော အစားအစာများ (ခေါက်ဆွဲ၊ ဆန်ကြာဆံ၊ မုန့်ဟင်းခါးဖတ်၊ မုန့်တီ၊ ပါစတာ၊ အီကြာကွေး၊ နံပြားစသည်)
  • သစ်ဥများ (ပိန်းဥ၊ ကန်စွန်းဥ၊ ပိလောပီနံဥစသည်)
  • အချိုဓာတ်နည်းသော သစ်သီးများကို သွေးချိုပုံမှန်ကောင်းနေပါက အနည်းငယ် စားသုံးနိုင်ပါသည်။ (ဥပမာ – ပန်းသီး၊ သစ်တော်သီး၊ သင်္ဘောသီး၊ မာလကာသီးများကို အသင့်အတင့် စားသုံးနိုင်ပါသည်။)
  • အသားဥအမျိုးမျိုး၊ နို့နှင့် နို့ဖြင့် ပြုလုပ်သော အစားအစာများ (နွားနို့စစ်စစ်ကို သကြားမပါဘဲ သောက်နိုင်ပါသည်။)
  • အဆီသီးနှံများ၊ အသီးအနှံမှရသော မပြည့်ဝဆီ (ဥပမာ – မြေပဲဆီ၊ နှမ်းဆီ, နေကြာဆီ)
  • ဆီးချိုသကြား
  • မြေပဲ၊ သီဟိုဠ်စေ့၊ သစ်ကြားသီး

ဆီးချို သတ်မှတ်ချက်များ

ဆီးချိုအကြိုကာလ

  • အစာမစားခင် FBS: 100-125 mg/dl
  • အစာစားပြီး ၂ နာရီ 2HPP: 140-199 mg/dl
  • HbA1C: 5.7 - 6.4% ကြား

ဆီးချိုရှိသူဟု သတ်မှတ်ချက်

  • အစာမစားခင် FBS: 126 mg/dl နှင့် အထက်
  • အစာစားပြီး ၂ နာရီ 2HPP: 200 mg/dl နှင့် အထက်
  • HbA1C: 6.5% နှင့် အထက်

ဆီးချိုဓာတ်ကို တစ်ပတ်လျှင် ၃ ကြိမ်ခန့်၊ နံနက်အစာမစားမီနှင့် နေ့လည်စာ သို့မဟုတ် ညနေစာ စားပြီး ၂ နာရီတို့တွင် အလှည့်ကျ စစ်ဆေးသင့်ပါသည်။ ၃ လ အတွင်း ဆီးချိုထိန်းနိုင်ခြင်းရှိမရှိ စစ်ဆေးသည့် HbA1C ကို အနည်းဆုံး ၆ လ တစ်ကြိမ် စစ်ဆေးသင့်ပါသည်။

သွေးတွင်းအချိုဓာတ် အကောင်းဆုံးထိန်းသိမ်းထားရမည့် ဆီးချိုပန်းတိုင်

  • မနက်အစာမစားမီ FBS: 80-130 mg/dl ကြား
  • အစာစားပြီး ၂ နာရီ 2HPP: 140-180 mg/dl ကြား
  • HbA1C: 7% အောက်

ဆီးချိုရောဂါကို သေချာမထိန်းသိမ်းပါက လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ခြေထောက်သွေးကြောပိတ်ခြင်း၊ ကျောက်ကပ်၊ မျက်စိနှင့် အာရုံကြောများ ထိခိုက်ခြင်း စသည့် နောက်ဆက်တွဲဆိုးကျိုးများစွာ ရှိပါသည်။ ဆီးချိုကို သေချာထိန်းသိမ်းရန် ဆရာဝန်ညွှန်ကြားသည့် အတိုင်း ဆေးများကို သေချာစွဲစွဲမြဲမြဲနှင့် နေ့စဉ်စားသောက်မှုပုံစံကို ဆင်ခြင်ရန်လည်း လိုအပ်ပါသည်။

ဆီးချိုနှင့် နေ့စဉ်စားသောက်မှုပုံစံ

သွေးချိုဆီးချိုရောဂါရှင်များအတွက် သီးသန့်အစားအစာဟူ၍ မရှိပါ။ အစားအစာကို ကုထုံးတစ်ခုအနေဖြင့် ဆေးလောက်နီးပါးအရေးကြီးပြီး အချိန်မှန်မှန်နှင့် သင့်တင့်မျှတစွာ စားသုံးရန် လိုအပ်ပါသည်။ သွေးချိုဆီးချိုရောဂါသည် နာတာရှည်ရောဂါဖြစ်ပါ၍ မိမိ၏ စားသုံးမှုလေ့ကျင့်မှုပုံစံကို တစ်သက်လုံး လိုက်နာစောင့်ရှောက်သွားနိုင်မည့် အလေ့အကျင့်များ ဖြစ်ရန်လိုအပ်ပါသည်။

အစားအသောက်အချိုးအစား (ပုံအညွှန်း)

  • ထမင်း၊ ဂျုံ၊ စသည်တို့ကို 1/4 (ပုံမှန်ထမင်းပန်းကန်လုံးတစ်လုံး)
  • အသား၊ ငါး၊ ပဲအမျိုးမျိုးကို 1/4
  • ဟင်းသီးဟင်းရွက်များကို 1/2
  • အခြားဘေးတွင်: ရေ သို့မဟုတ် အဆီထုတ်ထားသော နို့အနည်းငယ်

ထမင်းသည် အလွန်အကျွံစားလျှင် မသင့်တော်သော်လည်း မြန်မာလူမျိုးများအတွက် စားနေကျ အစားအစာဖြစ်သောကြောင့် ထမင်းကို ပုံမှန်စားသောက်နိုင်ပါသည်။ ပုံမှန်လှုပ်ရှားမှု အတိုင်း စားသောက်နိုင်ပါသည်။ အလုပ်များသူဟူ၍ ဟင်းချိုသောက်ရုံ ကန်စွန်းဥနှင့် အမြည်း သုံးခွက်စာ အထိ စားသောက်နိုင်ပါသည်။ အလုပ် လုပ်ရသော အနေအထား၊ ကိုယ်လက်လှုပ်ရှားမှု အနေအထားပေါ် မူတည်၍ ညှိနှိုင်း စားသုံးနိုင်ပါသည်။ မိမိသွားလာလှုပ်ရှားမှုနှင့်အညီ ဆီးချိုထိန်းနိုင်သည့် အနေအထားကို ချိန်ဆ၍ အစားအစာများကို ညှိနှိုင်း စားသုံးနိုင်ပါသည်။

မှတ်ချက်။ ဆီးချိုရောဂါကို တိုးဆေး၊ လျော့ဆေးများဖြင့် ကုသမှုခံယူထားသော ဆီးချိုရောဂါရှင်များသည် ထမင်း၊ ဟင်း၊ အစားအစာကို တစ်နေ့သုံးကြိမ် ပုံမှန်စားသုံးသင့်ပါသည်။ အကြိမ်ရေလျှော့မစားပါနဲ့။