One point not to miss in a diabetic woman

ဆီးချို ရှိသူ အမျိုးသမီးလူနာမှာ သတိထားရမယ့် အချက်တစ်ချက် ဆီးချိုအမျိုးသမီးလူနာမှာ အမြဲတမ်းသတိထားရမယ့် သတိပေးရမယ့် အချက်ကတော့ ကိုယ်ဝန်ယူသင့်မသင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ယူဖို့ရယ်၊ ယူမယ်ဆို ဆရာဝန်ကို အသိပေးဖို့ရယ်နဲ့ ကလေး မယူသေးဘူးဆိုလည်း သင့်တော်တဲ့ သားဆက်ခြားနည်း စနစ်တကျ သုံးဖို့ကို သေချာ အသိပေးထားရပါမယ်။ ဆီးချို သောက်ဆေးတွေ တော်တော်များများက ကိုယ်ဝန်ရပြီဆို သုံးလို့မရပါဘူး။ အဲ့ဒါကြောင့် ကိုယ်ဝန်ယူဖို့ ရည်ရွယ်ပြီဆို သောက်လက်စ ဆေးတွေ အစား ကိုယ်ဝန်ဆောင်မှာ သောက်လို့ရတဲ့ ဆေးတွေနဲ့ ပြောင်းထားဖို့ လိုပါမယ်။ ပြီးတော့ ဆီးချိုကိုသေချာမထိန်းဘဲ ကလေး ရသွားရင်ကျ ကိုယ်ဝန် ပထမ ၃ လ မှာ ကလေးက စတင်ဖြစပေါ်နေတဲ့ အချိန်ပါ။ အဲ့အချိန်မှာ ဆီးချို သေချာမထိန်းနိုင်ရင် […]

Vaccine that cannot be taken during pregnancy

ကိုယ်ဝန်ဆောင်မှာ ထိုး/သုံးလို့မရတဲ့ ကာကွယ်ဆေးများ ကိုယ်ဝန်ဆောင်ချိန်မှာ ကူးစက်ရောဂါတွေ မခံစားရဖို့လည်း အရေးကြီးတဲ့အချက်တစ်ခုပါ။ အထူးသဖြင့် အခုလိုကိုဗစ်ရောဂါတွေ ဖြစ်နေတဲ့ အချိန်၊ တုပ်ကွေးအတွက် ကာကွယ်ဆေးတွေ ထွက်နေတဲ့အချိန်မှာ ကိုယ်ဝန်ဆောင်တွေ အနေနဲ့ ကိုဗစ်ကာကွယ်ဆေးနဲ့ တုပ်ကွေးကာကွယ်ဆေး(ထိုးဆေး) တွေကို ကိုယ်ဝန်ဆောင် ကာလအတွင်းထိုးလို့ရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလ အတွင်းထိုးလို့မရတဲ့ ကာကွယ်ဆေးတွေ ရှိပါတယ်။ အဲ့ဒါလေးတွေကိုလည်းသိရှိထားစေချင်လို့ ဖော်ပြပေးလိုက်ပါတယ်နော်။ Some vaccines are not recommended during pregnancy, such as: ကိုယ်ဝန်ဆောင်ချိန်တွင် ကူးစက်ရောဂါများခံစားရပါက မိခင်ရော ကလေးအတွက်ပါ အန္တရာယ်ရှိနိုင်သဖြင့် ထိုးသင့်သော ကာကွယ်ဆေးအမျိုးအစားများကိုတော့ ထိုးကြရမည်သာဖြစ်ပါသည်။ အထူးသဖြင့် ရောဂါတစ်ခုခု အဖြစ်များနေချိန်မျိုးနှင့် ကြုံတွေ့ရပါက ထိုအချက်သည်ပိုမိုအရေးကြီးလှသဖြင့် ကျွမ်းကျင်သော ဆရာဝန်များနှင့်တိုင်ပင်ပြီး လိုအပ်သလို လုပ်ဆောင်သင့်ကြောင်း အကြံပေးတင်ပြလိုက်ရပါသည်။ #ကိုယ်စိတ်ကျန်းမာ  #DrPPK  #ziwakacare  #ziwakadirectory  #nkhealthmm #nkcademy