အသည်းခြောက်သူများအတွက် လိုက်နာသင့်သော အစားအစာ
အသည်းခြောက်ခြင်းသည် အသည်းဆဲလ်များ ပျက်စီးပြီး အမာရွတ်တစ်ရှူးများ ဖြစ်ပေါ်လာကာ အသည်း၏ လုပ်ငန်းဆောင်တာများ ကျဆင်းသွားသည့် အခြေအနေဖြစ်သည်။ အသည်းခြောက်သူများအတွက် အာဟာရသည် အရေးကြီးပြီး သင့်တော်သော အစားအစာများကို ရွေးချယ်စားသုံးခြင်းဖြင့် အသည်းကို ထိခိုက်မှုမှ ကာကွယ်နိုင်ပြီး ကျန်းမာရေးကို ထိန်းသိမ်းနိုင်သည်။ အသည်းခြောက်သူများအတွက် သင့်တော်သော အစားအစာများ ပရိုတင်းဓာတ် အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ ကျန်းမာရေးနှင့်ညီညွတ်သော အဆီများ ဆားပါဝင်မှုနည်းသော အစားအစာများ ဗီတာမင်နှင့် သတ္တုဓာတ်များ ရေသောက်သုံးခြင်း ရှောင်ကြဉ်သင့်သော အစားအစာများ အခြားအရေးကြီးသော အချက်များ အသည်းခြောက်ခြင်းသည် ပြင်းထန်သော ကျန်းမာရေးပြဿနာဖြစ်သောကြောင့် သင့်တော်သော အာဟာရနှင့် နေထိုင်မှုပုံစံဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါသည်။ ဆရာဝန်နှင့် အာဟာရပညာရှင်များထံမှ အကြံဉာဏ်များကို ရယူပြီး လိုက်နာသင့်ပါသည်။
Food to be avoided if serum potassium level increases
သွေးတွင်း ပိုတက်စီယမ်များနေသူများ ရှောင်ကြဉ်သင့်သော အစားအစာများ ပိုတက်စီယမ် (potassium) ဓာတ်သည် သက်စောင့်ဓာတ်ဟုခေါ်ရလောက်အောင် ခန္ဓာကိုယ်နှင့် နှလုံးအတွက် အရေးကြီးသော ဓာတ်တစ်မျိုးဖြစ်သည်။ ပိုတက်စီယမ်သည် များလျှင်လည်း နှလုံးခုန်အမြန်လွန်ကာ အသက်အန္တရာယ်ရှိသလို နည်းလွန်းလျှင်လည်း ကြွက်သားများအားနည်းခြင်း၊ နှလုံးနှင့် အသက်ရှူရပ်ခြင်းများဖြစ်တတ်သဖြင့် ပိုတက်စီယမ်ဓာတ်ကို ပုံမှန်အတိုင်း ထိန်းသိမ်းရန်လိုအပ်ပါသည်။အောက်ပါအစားအသောက်များသည် ပိုတက်စီယမ်ပါဝင်မှုများသော အစားအသောက်များဖြစ်သဖြင့် ပိုတက်စီယမ်များနေသူများ ပိုတက်စီယမ်များတတ်သော ကျောက်ကပ်ဝေဒနာရှင် အစရှိသူများအတွက် သတိထားစားသုံးသင့်ပါသည်။ မြန်မာတွင် အစားများသော အစားအစာများကို ဦးစားပေးဖော်ပြထားပါသည်။ အသီးများ နှင့် ထိုအသီးဖျော်ရည်များ• တရုတ်ဆီးသီး• ငှက်ပျောသီး• သခွားမွှေးသီး• ကီဝီသီး• ဆီးသီး• လိမ္မော်သီး• စပျစ်သီးခြောက် (Raisins)• ထောပတ်သီး• အုန်းရည် အသီးအနှံများ• ပဲ• ပန်းဂေါ်ဖီစိမ်း• ငရုတ်ကောင်း• မှို• အာလူး• ဖရုံသီး• ဟင်းနုနွယ်ရွက်• […]
Health Related Problems of Power Outage
လျှပ်စစ်မီးပျက်ချိန် သတိထားရမည့် ကျန်းမာရေး ပြဿနာများ လျှပ်စစ်မီးသည် ခေတ်မီလူနေမှုဘဝ၏ မရှိမဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မိမိတို့၏နေအိမ်များ၊ လုပ်ငန်းများနှင့် ဆေးရုံများကို အတွက် အရေးပါသော အရာတစ်ခုအဖြစ် ရပ်တည်နေပါသည်။ ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင်လည်း လျှပ်စစ်မီးပြတ်တောက်မှုသည် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်သဖြင့် ပိုမိုသတိထားနိုင်ရန် တင်ပြလိုပါသည်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ပတ်သက်သည့် အန္တရာယ်များမှာ များပြားပြီး အပူချိန်လွန်ကဲသော ထိတွေ့မှု၊ အသက်ရှူလမ်းကြောင်း အခြေအနေ ပိုဆိုးလာသည်အထိ နှင့် ထိုအခြေအနေများကြောင့် သေဆုံးခြင်းအထိ ပါဝင်သည်။ ဓာတ်အားပြတ်တောက်မှု၏ အထင်ရှားဆုံး သက်ရောက်မှုတစ်ခုမှာ အပူချိန်လွန်ကဲခြင်း၏ ဆိုးကျိုးကို ခံစားရခြင်းပင် ဖြစ်သည်။ ပူပြင်းသောရာသီဥတုတွင် လေအေးပေးစက်နှင့် ပန်ကာများမရှိခြင်းသည် အထူးသဖြင့် သက်ကြီးရွယ်အိုများ သို့မဟုတ် နာတာရှည်ရောဂါရှိသူများတွင် အပူဒဏ် သို့မဟုတ် ရေဓာတ်ခန်းခြောက်ခြင်းကို ဖြစ်စေနိုင်သည်။ ထိုမှတဆင့် […]
Inhalers in Asthma
ရင်ကြပ်ရှူဆေး ကွဲပြားစေဖို့ ရင်ကြပ်အတွက် ဆေးဂေါက် ရှူဆေးဘူးများတွင် ပုံမှန် ရှူရမယ့် ဆေးနှင့် ကြပ်သည့်အချိန်မှ ရှူရမယ့်ဆေးဆိုပြီး ၂ မျိုးကွဲပါသည်။ ပုံမှန် ရှူရမည့် ဆေးများသည် ပုံမှန်ရှူမှသာ ရင်မကြပ်စေရန် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး ကြပ်သည့်အချိန်မှ ရှူရမည့်ဆေးကလည်း ကြပ်သည့်အချိန်တွင် ရှူမှ ကြပ်သည်ကို အမြန်သက်သာအောင် လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ကြပ်မှ ရှူရမည့်ဆေးကို ကြိုရှူထားပါကလည်း မထိရောက်သလို ပုံမှန်ရှူရမည့် ဆေးကို ကြပ်သည့်အချိန်မှ ထရှူလျှင်လည်း ထိရောက်မည်မဟုတ်ပါ။ ဆေးတစ်ခုနှင့် တစ်ခု ကြာကြာခံချိန် ကွဲပြားသဖြင့်ဖြစ်ပါသည်။ ထို့ကြောင့် မည်သည့်ဆေးက ကြပ်မှ ရှူရမည်။ မည်သည့်ဆေးက ပုံမှန်ရှူရမည်ကို သေချာ သိရှိပြီး မှတ်သားထားရန်လိုအပ်ပါသည်။ #inhaler #asthma #ဆေးဂေါက်
One point not to miss in a diabetic woman
ဆီးချို ရှိသူ အမျိုးသမီးလူနာမှာ သတိထားရမယ့် အချက်တစ်ချက် ဆီးချိုအမျိုးသမီးလူနာမှာ အမြဲတမ်းသတိထားရမယ့် သတိပေးရမယ့် အချက်ကတော့ ကိုယ်ဝန်ယူသင့်မသင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ယူဖို့ရယ်၊ ယူမယ်ဆို ဆရာဝန်ကို အသိပေးဖို့ရယ်နဲ့ ကလေး မယူသေးဘူးဆိုလည်း သင့်တော်တဲ့ သားဆက်ခြားနည်း စနစ်တကျ သုံးဖို့ကို သေချာ အသိပေးထားရပါမယ်။ ဆီးချို သောက်ဆေးတွေ တော်တော်များများက ကိုယ်ဝန်ရပြီဆို သုံးလို့မရပါဘူး။ အဲ့ဒါကြောင့် ကိုယ်ဝန်ယူဖို့ ရည်ရွယ်ပြီဆို သောက်လက်စ ဆေးတွေ အစား ကိုယ်ဝန်ဆောင်မှာ သောက်လို့ရတဲ့ ဆေးတွေနဲ့ ပြောင်းထားဖို့ လိုပါမယ်။ ပြီးတော့ ဆီးချိုကိုသေချာမထိန်းဘဲ ကလေး ရသွားရင်ကျ ကိုယ်ဝန် ပထမ ၃ လ မှာ ကလေးက စတင်ဖြစပေါ်နေတဲ့ အချိန်ပါ။ အဲ့အချိန်မှာ ဆီးချို သေချာမထိန်းနိုင်ရင် […]
Vaccine that cannot be taken during pregnancy
ကိုယ်ဝန်ဆောင်မှာ ထိုး/သုံးလို့မရတဲ့ ကာကွယ်ဆေးများ ကိုယ်ဝန်ဆောင်ချိန်မှာ ကူးစက်ရောဂါတွေ မခံစားရဖို့လည်း အရေးကြီးတဲ့အချက်တစ်ခုပါ။ အထူးသဖြင့် အခုလိုကိုဗစ်ရောဂါတွေ ဖြစ်နေတဲ့ အချိန်၊ တုပ်ကွေးအတွက် ကာကွယ်ဆေးတွေ ထွက်နေတဲ့အချိန်မှာ ကိုယ်ဝန်ဆောင်တွေ အနေနဲ့ ကိုဗစ်ကာကွယ်ဆေးနဲ့ တုပ်ကွေးကာကွယ်ဆေး(ထိုးဆေး) တွေကို ကိုယ်ဝန်ဆောင် ကာလအတွင်းထိုးလို့ရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလ အတွင်းထိုးလို့မရတဲ့ ကာကွယ်ဆေးတွေ ရှိပါတယ်။ အဲ့ဒါလေးတွေကိုလည်းသိရှိထားစေချင်လို့ ဖော်ပြပေးလိုက်ပါတယ်နော်။ Some vaccines are not recommended during pregnancy, such as: ကိုယ်ဝန်ဆောင်ချိန်တွင် ကူးစက်ရောဂါများခံစားရပါက မိခင်ရော ကလေးအတွက်ပါ အန္တရာယ်ရှိနိုင်သဖြင့် ထိုးသင့်သော ကာကွယ်ဆေးအမျိုးအစားများကိုတော့ ထိုးကြရမည်သာဖြစ်ပါသည်။ အထူးသဖြင့် ရောဂါတစ်ခုခု အဖြစ်များနေချိန်မျိုးနှင့် ကြုံတွေ့ရပါက ထိုအချက်သည်ပိုမိုအရေးကြီးလှသဖြင့် ကျွမ်းကျင်သော ဆရာဝန်များနှင့်တိုင်ပင်ပြီး လိုအပ်သလို လုပ်ဆောင်သင့်ကြောင်း အကြံပေးတင်ပြလိုက်ရပါသည်။ #ကိုယ်စိတ်ကျန်းမာ #DrPPK #ziwakacare #ziwakadirectory #nkhealthmm #nkcademy
Can Flu Vaccine and Covid Vaccine be taken at the same time?
ကိုဗစ်ကာကွယ်ဆေးနဲ့ တုပ်ကွေးကာကွယ်ဆေး တစ်ချိန်တည်းအတူထိုးလို့ရပါသလား။ US CDC ရဲ့လက်ရှိအဆိုအရ တစ်ချိန်တည်း အတူထိုးလို့ရပါတယ်။ လက်မောင်းနှစ်ဘက် ခွဲထိုးလို့လည်းရသလို လက်မောင်းတစ်ဘက်တည်းမှာ ထိုးတောင်ရပါတယ်တဲ့။ By Dr Pyae Phyo Kyaw