Important facts regarding diet for CKD patients

ကျောက်ကပ်အားနည်းသူများအတွက် သတိထားရမည့် အစားအစာများ ကျောက်ကပ်ရောဂါရှိသူများအတွက် အစားအစာရွေးချယ်မှုသည် အလွန်အရေးကြီးပါသည်။ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာသည် ကျောက်ကပ်အား ပိုမိုထိခိုက်မှုမှ ကာကွယ်ပေးပြီး ရောဂါအခြေအနေပိုဆိုးမလာအောင် တားဆီးပေးနိုင်ပါသည်။ ကျောက်ကပ်ရောဂါရှိသူများအတွက် အဓိကထား၍ ဂရုစိုက်ရမည့် အချက်များမှာ ပရိုတင်း၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ် နှင့် ဖော့စဖရပ်စ် တို့ဖြစ်ပါသည်။ ၁။ ပရိုတင်း ကျောက်ကပ်ရောဂါရှိသူများတွင် ပရိုတင်းဓာတ်ကို လျှော့စားရန်လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပရိုတင်းဓာတ်များသည့်အခါ ကျောက်ကပ်ကို ပိုမိုအလုပ်လုပ်စေပြီး ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။ · ပရိုတင်းဓာတ်ကို လုံးဝမစားဘဲမနေသင့်ပါ။ အရည်အသွေးကောင်းသော ပရိုတင်းဓာတ်ကို နည်းနည်းစီ စားသုံးပေးသင့်ပါသည်။· ဥအမျိုးမျိုး၊ ငါး၊ အဆီမပါသောအသားများ စသည့် အရည်အသွေးကောင်းပရိုတင်းများကို ရွေးချယ်စားသုံးပါ။ ၂။ ဆိုဒီယမ် (ဆား) ဆိုဒီယမ်ဓာတ်များပါက ခန္ဓာကိုယ်တွင်ရေများစုပြီး ဖောရောင်ခြင်း၊ သွေးတိုးခြင်းများဖြစ်စေနိုင်သည်။ ထို့ကြောင့် ဆားကိုလျှော့စားရန်အရေးကြီးပါသည်။ […]