Food to be avoided if serum potassium level increases
သွေးတွင်း ပိုတက်စီယမ်များနေသူများ ရှောင်ကြဉ်သင့်သော အစားအစာများ ပိုတက်စီယမ် (potassium) ဓာတ်သည် သက်စောင့်ဓာတ်ဟုခေါ်ရလောက်အောင် ခန္ဓာကိုယ်နှင့် နှလုံးအတွက် အရေးကြီးသော ဓာတ်တစ်မျိုးဖြစ်သည်။ ပိုတက်စီယမ်သည် များလျှင်လည်း နှလုံးခုန်အမြန်လွန်ကာ အသက်အန္တရာယ်ရှိသလို နည်းလွန်းလျှင်လည်း ကြွက်သားများအားနည်းခြင်း၊ နှလုံးနှင့် အသက်ရှူရပ်ခြင်းများဖြစ်တတ်သဖြင့် ပိုတက်စီယမ်ဓာတ်ကို ပုံမှန်အတိုင်း ထိန်းသိမ်းရန်လိုအပ်ပါသည်။အောက်ပါအစားအသောက်များသည် ပိုတက်စီယမ်ပါဝင်မှုများသော အစားအသောက်များဖြစ်သဖြင့် ပိုတက်စီယမ်များနေသူများ ပိုတက်စီယမ်များတတ်သော ကျောက်ကပ်ဝေဒနာရှင် အစရှိသူများအတွက် သတိထားစားသုံးသင့်ပါသည်။ မြန်မာတွင် အစားများသော အစားအစာများကို ဦးစားပေးဖော်ပြထားပါသည်။ အသီးများ နှင့် ထိုအသီးဖျော်ရည်များ• တရုတ်ဆီးသီး• ငှက်ပျောသီး• သခွားမွှေးသီး• ကီဝီသီး• ဆီးသီး• လိမ္မော်သီး• စပျစ်သီးခြောက် (Raisins)• ထောပတ်သီး• အုန်းရည် အသီးအနှံများ• ပဲ• ပန်းဂေါ်ဖီစိမ်း• ငရုတ်ကောင်း• မှို• အာလူး• ဖရုံသီး• ဟင်းနုနွယ်ရွက်• […]