Inhalers in Asthma
ရင်ကြပ်ရှူဆေး ကွဲပြားစေဖို့ ရင်ကြပ်အတွက် ဆေးဂေါက် ရှူဆေးဘူးများတွင် ပုံမှန် ရှူရမယ့် ဆေးနှင့် ကြပ်သည့်အချိန်မှ ရှူရမယ့်ဆေးဆိုပြီး ၂ မျိုးကွဲပါသည်။ ပုံမှန် ရှူရမည့် ဆေးများသည် ပုံမှန်ရှူမှသာ ရင်မကြပ်စေရန် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး ကြပ်သည့်အချိန်မှ ရှူရမည့်ဆေးကလည်း ကြပ်သည့်အချိန်တွင် ရှူမှ ကြပ်သည်ကို အမြန်သက်သာအောင် လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ကြပ်မှ ရှူရမည့်ဆေးကို ကြိုရှူထားပါကလည်း မထိရောက်သလို ပုံမှန်ရှူရမည့် ဆေးကို ကြပ်သည့်အချိန်မှ ထရှူလျှင်လည်း ထိရောက်မည်မဟုတ်ပါ။ ဆေးတစ်ခုနှင့် တစ်ခု ကြာကြာခံချိန် ကွဲပြားသဖြင့်ဖြစ်ပါသည်။ ထို့ကြောင့် မည်သည့်ဆေးက ကြပ်မှ ရှူရမည်။ မည်သည့်ဆေးက ပုံမှန်ရှူရမည်ကို သေချာ သိရှိပြီး မှတ်သားထားရန်လိုအပ်ပါသည်။ #inhaler #asthma #ဆေးဂေါက်