ဆီးချို ရှိသူ အမျိုးသမီးလူနာမှာ သတိထားရမယ့် အချက်တစ်ချက်
ဆီးချိုအမျိုးသမီးလူနာမှာ အမြဲတမ်းသတိထားရမယ့် သတိပေးရမယ့် အချက်ကတော့ ကိုယ်ဝန်ယူသင့်မသင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ယူဖို့ရယ်၊ ယူမယ်ဆို ဆရာဝန်ကို အသိပေးဖို့ရယ်နဲ့ ကလေး မယူသေးဘူးဆိုလည်း သင့်တော်တဲ့ သားဆက်ခြားနည်း စနစ်တကျ သုံးဖို့ကို သေချာ အသိပေးထားရပါမယ်။
ဆီးချို သောက်ဆေးတွေ တော်တော်များများက ကိုယ်ဝန်ရပြီဆို သုံးလို့မရပါဘူး။ အဲ့ဒါကြောင့် ကိုယ်ဝန်ယူဖို့ ရည်ရွယ်ပြီဆို သောက်လက်စ ဆေးတွေ အစား ကိုယ်ဝန်ဆောင်မှာ သောက်လို့ရတဲ့ ဆေးတွေနဲ့ ပြောင်းထားဖို့ လိုပါမယ်။
ပြီးတော့ ဆီးချိုကိုသေချာမထိန်းဘဲ ကလေး ရသွားရင်ကျ ကိုယ်ဝန် ပထမ ၃ လ မှာ ကလေးက စတင်ဖြစပေါ်နေတဲ့ အချိန်ပါ။ အဲ့အချိန်မှာ ဆီးချို သေချာမထိန်းနိုင်ရင် ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေဖြစ်ဖို့များသွားပါတယ်။ အဲ့ဒါကြောင့် ဆီးချိုသေချာထိန်းပြီး အနေအထားမှာမှ ကလေး ယူသင့်တာဖြစ်ပါတယ်။
#nkhealthmm
#ကိုယ်ဝန်နဲ့ ဆီးချို