ယူရစ်အက်ဆစ် (Uric acid) ဓာတ်များခြင်းသည် ဂေါက်အဆစ်နာရောဂါ၊ ကျောက်ကပ်ကျောက်တည်ခြင်းနှင့် ကျောက်ကပ်ထိခိုက်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။
Uric acid များသူများအနေဖြင့် လျှော့စားသင့်သည့် အစားအစာများနှင့် စားသင့်သည့် အစားအစာ များကို တင်ပြလိုက်ပါသည်။
လျှော့စားသင့်သည့် အစားအစာများ
- ကလီစာများ
- ဝက်သား ဆိတ်သား အမဲသားကဲ့သို့သော အနီရောင် အသားများ
- ငါးသလောက်၊ ငါးသေတ္တာငါး၊ ယောက်သွား၊ ခုံး၊ ဆာဒင်း၊ တူနာငါးတို့လို ပင်လယ်စာတချို့ (သို့သော် အဆိုပါ ဆာဒင်း တူနာကဲ့သို့သော ငါးများသည် ကျန်းမာရေးအတွက် ကောင်းကျိုးများရှိသောကြောင့် အသင့်အတင့်တော့ စားသုံးနိုင်ပါသည်။)
- အရက်ဘီယာ
- ပဲပင်ပေါက်၊ မျှစ် တို့လို မြေပေါ် မြေအောက် ၆ လက်မအတွင်းက အစားအစာတွေ (သူတို့ကလည်း အာဟာရအတွက် အကျိုးရှိလို့ ဂေါက်အဆစ်နာ ထနေချိန်ကလွှဲလို့ အမြဲတော့ ရှောင်စရာ မလိုဘူးလို့ ဆိုကြပါသည်။)
- အချိုများသော အချိုရည်နှင့် အစားအစာများ
- အဆီများသော အစားအစာများ
ပိုစားသင့်သည့် အစားအစာများ
- ရေများများသောက်ပါ။
- ပန်းသီး၊ ချယ်ရီသီးနှင့် စတော်ဘယ်ရီ Blueberry ကဲ့သို့သော ဘယ်ရီသီးများ
- အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်များ
- အဆီနည်းတဲ့ အသားများ
- အဆီထုတ်ထားတဲ့ နွားနို့နဲ့ နို့ထွက်ပစ္စည်များ
- ဗီတာမင်စီ
- ကော်ဖီ
အဆိုပါ အစားအစာများဆင်ခြင်မှုအပြင် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းသည်လည်း uric acid ကိုကျစေပါသည်။
#drppkရေးသားသည်
#hyperuricemia
#gout