သွေးပေါင်ချိန်တိုင်းတာခြင်းသည် လူနာ၏ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ရာတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ အောက်ပါအဆင့်များကို လိုက်နာပြီး သွေးပေါင်ချိန်ကို မှန်ကန်စွာ တိုင်းတာနိုင်ပါသည်။
လိုအပ်သော ပစ္စည်းများ
- သွေးပေါင်တိုင်းကိရိယာ (Sphygmomanometer)
- နားကြပ်(Stethoscope)
- လက်အိတ် (Gloves) (လိုအပ်ပါက)
အဆင့်များ
လူနာကို ပြင်ဆင်ခြင်း
- လူနာကို သက်သောင့်သက်သာရှိစေရန် ထိုင်ခိုင်းပါ။ ရောက်ရောက်ချင်း မတိုင်းဘဲ ၅ မိနစ်ခန့် နားပြီးမှ တိုင်းပါ။
- လက်ကို နှလုံးအဆင့်နှင့် တစ်ပြေးညီဖြစ်စေရန် စားပွဲပေါ်တွင် ထားခိုင်းပါ။
- လူနာ၏ လက်မောင်းကို ဖုံးအုပ်ထားသော အဝတ်အစားများကို ဖယ်ရှားပါ။
လက်မောင်းပတ်လည်တွင် သွေးပေါင်တိုင်းကိရိယာကို ပတ်ခြင်း
- လက်မောင်းပတ်လည်တွင် သွေးပေါင်တိုင်းကိရိယာ၏ ပတ်တီးကို ပတ်ပါ။
- ပတ်တီးသည် တင်းကျပ်စွာ ပတ်ထားရန် လိုအပ်ပြီး၊ လက်မောင်းနှင့် ကောင်းစွာ ကိုက်ညီရပါမည်။
နားကြပ်ကို တင်ခြင်း
- နားကြပ်ကို လက်မောင်းရှိ သွေးလွှတ်ကြော (Brachial Pulse) ပေါ်တွင် တင်ပါ။
သွေးပေါင်ချိန်တိုင်းခြင်း
- လူနာ၏ လက်ကောက်ဝတ်သွေးကြော (Radial Pulse) သွေးခုန်နှုန်းကို လက်တစ်ဖက်ဖြင့် စမ်းပါ။
- နောက်လက်တစ်ဖက်ဖြင့် Pressure Cuff ဘောလုံးကို ညှစ်ပြီး လက်ကောက်ဝတ် သွေးခုန်နှုန်း ပျောက်သွားသည့်အမှတ်၏ အထက် 30 mmHg အထိ Pressure ကို တင်ပါ။
- သွေးခုန်နှုန်းစမ်းထားသော လက်ကို ပြန်လွှတ်ပြီး နားကြပ်ကို ထိန်းပါ။
- Cuff ဘောလုံး ကို ဖြည်းဖြည်းချင်း လျှော့ချပါ။
- ပထမဆုံး သွေးခုန်သံကို ကြားရသောအခါ (Systolic pressure) ကို မှတ်သားပါ။
- သွေးခုန်သံ ပျောက်သွားသောအခါ (Diastolic pressure) ကို မှတ်သားပါ။
ရလဒ်ကို မှတ်သားခြင်း
- Systolic pressure နှင့် Diastolic pressure တို့ကို အနီးစပ်ဆုံး 2 mmHg အတွင်း မှတ်သားပါ။
ပစ္စည်းများကို သန့်ရှင်းခြင်း
- အသုံးပြုပြီးသော ပစ္စည်းများကို သန့်ရှင်းပါ။
- လက်ကို ဆေးကြောပါ။
သတိပြုရန် အချက်များ
- လူနာကို စိတ်သက်သာရာရစေရန် ကြိုးစားပါ။
- သွေးပေါင်ချိန်တိုင်းစဉ် လူနာကို စကားမပြောပါနှင့်။
- သွေးပေါင်ချိန်ကို မှန်ကန်စွာ တိုင်းတာရန် အထူးဂရုပြုပါ။
- လူနာ၏ သွေးခုန်နှုန်းကို မစမ်းဘဲ သွေးပေါင်တိုင်းပါက တစ်ခါတစ်ရံ အလွန် သွေးပေါင်တက်နေသည်ကို လွတ်သွားနိုင်ပါသည်။
ဤအဆင့်များကို လိုက်နာခြင်းဖြင့် သူနာပြုများသည် လူနာ၏ သွေးပေါင်ချိန်ကို မှန်ကန်စွာ တိုင်းတာနိုင်မည်ဖြစ်ပါသည်။
Dr PPK တင်ပြသည်။