အသည်းခြောက်သူများအတွက် လိုက်နာသင့်သော အစားအစာ
အသည်းခြောက်ခြင်းသည် အသည်းဆဲလ်များ ပျက်စီးပြီး အမာရွတ်တစ်ရှူးများ ဖြစ်ပေါ်လာကာ အသည်း၏ လုပ်ငန်းဆောင်တာများ ကျဆင်းသွားသည့် အခြေအနေဖြစ်သည်။ အသည်းခြောက်သူများအတွက် အာဟာရသည် အရေးကြီးပြီး သင့်တော်သော အစားအစာများကို ရွေးချယ်စားသုံးခြင်းဖြင့် အသည်းကို ထိခိုက်မှုမှ ကာကွယ်နိုင်ပြီး ကျန်းမာရေးကို ထိန်းသိမ်းနိုင်သည်။ အသည်းခြောက်သူများအတွက် သင့်တော်သော အစားအစာများ ပရိုတင်းဓာတ် အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ ကျန်းမာရေးနှင့်ညီညွတ်သော အဆီများ ဆားပါဝင်မှုနည်းသော အစားအစာများ ဗီတာမင်နှင့် သတ္တုဓာတ်များ ရေသောက်သုံးခြင်း ရှောင်ကြဉ်သင့်သော အစားအစာများ အခြားအရေးကြီးသော အချက်များ အသည်းခြောက်ခြင်းသည် ပြင်းထန်သော ကျန်းမာရေးပြဿနာဖြစ်သောကြောင့် သင့်တော်သော အာဟာရနှင့် နေထိုင်မှုပုံစံဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါသည်။ ဆရာဝန်နှင့် အာဟာရပညာရှင်များထံမှ အကြံဉာဏ်များကို ရယူပြီး လိုက်နာသင့်ပါသည်။
Foods for Asthmatic Patients
ရင်ကြပ်ရောဂါ (Asthma) ရှိသူများအတွက် အစားအသောက်ရွေးချယ်မှုသည် အရေးကြီးပါသည်။ အချို့သော အစားအစာများသည် ရင်ကြပ်လက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်ပြီး၊ အချို့ကမူ သက်သာစေနိုင်ပါသည်။ အောက်ပါတို့သည် ရင်ကြပ်ရောဂါရှိသူများ စားသင့်သော နှင့် ရှောင်သင့်သော အစားအစာများဖြစ်ပါသည်။ စားသင့်သော အစားအစာများ အသီးအနှံများ နှင့် ဟင်းသီးဟင်းရွက်များ Omega-3 fatty acids ကြွယ်ဝသော အစားအစာများ ဗီတာမင် D ကြွယ်ဝသော အစားအစာများ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ ရှောင်သင့်သော အစားအစာများ ဆားနှင့် အငန်ဓာတ်များသော အစားအစာများ အသင့်စား အစားအစာများ ဆာလဖိုဒြပ်ပေါင်းပါသော အစားအစာများ နို့နှင့် နို့ထွက်ပစ္စည်းများ အချိုများသော အစားအစာများ အခြားအကြံပြုချက်များ ရင်ကြပ်ရောဂါသည် တစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်သောကြောင့် မိမိနှင့် သင့်တော်သော အစားအသောက်များကို ရွေးချယ်ရန် အရေးကြီးပါသည်။ […]
Heart Diseases – Food to eat and to avoid

နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချရန်အတွက် ဘာတွေစားရမလဲ ဘာတွေရှောင်ရမလဲကို သေချာသိလိုသူများအတွက် များများစားရမည့် အစားအစာများ– သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များ၊ ပဲပင်များ– ပင်လယ်စာ သို့မဟုတ် အဆီနည်းသော ကြက်သားကဲ့သို့ အသားများ– အဆီထုတ်ထားသော နို့ထွက်ပစ္စည်းများ– သံလွင်ဆီကဲ့သို့ အပင်ဆီအရည်များ– ဗာဒံစေ့နှင့် သစ်ကြားသီးများကဲ့သို့ ဆားမပါသော အခွံမာသီးများ– အဆီများသောငါးကို တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ်စားပါ။ လျှော့စားရမည့် အစားအစာများ –– ပြည့်ဝဆီ၊ ပြန်ကြော်ဆီ၊ အချိုဓာတ်နှင့် အငန်ဓာတ် လွန်ကဲသော အစားအစာများ– ရယ်ဒီမိတ်နှင့် ကြာရှည်ခံအောင် ပြုပြင်ထားသော အစားအစာများ– ဝက်သား ဆိတ်သား အမဲသားကဲ့သို့သော အနီရောင်အသားများကို တစ်နေ့လျှင် ခြောက်အောင်စအောက်သာ စားပါ။ (၁၀ ကျပ်သားခန့်)– တစ်နေ့လျှင် ဆိုဒီယမ် 2,300 မီလီဂရမ် (mg) […]
Hypertension – Foods to eat and to avoid

သွေးတိုးရှိတယ်။ ဘာတွေ စားရမလဲ။ ဘာတွေ ရှောင်ရမလဲ သိချင်သူများအတွက် ဒီ ဆောင်းပါးလေးကို သေချာ မှတ်ထားစေချင်ပါတယ်။ သွေးတိုးသမားများစားသင့်သော အစားအစာများ သွေးတိုးသမားများလျှော့စား/ရှောင်ရမည့် အစားအစာများ Dr Pyae Phyo Kyaw ရေးသားတင်ပြသည်။ #drppk #hypertension #သွေးတိုးအစားအစာ
Food to be avoided if serum potassium level increases
သွေးတွင်း ပိုတက်စီယမ်များနေသူများ ရှောင်ကြဉ်သင့်သော အစားအစာများ ပိုတက်စီယမ် (potassium) ဓာတ်သည် သက်စောင့်ဓာတ်ဟုခေါ်ရလောက်အောင် ခန္ဓာကိုယ်နှင့် နှလုံးအတွက် အရေးကြီးသော ဓာတ်တစ်မျိုးဖြစ်သည်။ ပိုတက်စီယမ်သည် များလျှင်လည်း နှလုံးခုန်အမြန်လွန်ကာ အသက်အန္တရာယ်ရှိသလို နည်းလွန်းလျှင်လည်း ကြွက်သားများအားနည်းခြင်း၊ နှလုံးနှင့် အသက်ရှူရပ်ခြင်းများဖြစ်တတ်သဖြင့် ပိုတက်စီယမ်ဓာတ်ကို ပုံမှန်အတိုင်း ထိန်းသိမ်းရန်လိုအပ်ပါသည်။အောက်ပါအစားအသောက်များသည် ပိုတက်စီယမ်ပါဝင်မှုများသော အစားအသောက်များဖြစ်သဖြင့် ပိုတက်စီယမ်များနေသူများ ပိုတက်စီယမ်များတတ်သော ကျောက်ကပ်ဝေဒနာရှင် အစရှိသူများအတွက် သတိထားစားသုံးသင့်ပါသည်။ မြန်မာတွင် အစားများသော အစားအစာများကို ဦးစားပေးဖော်ပြထားပါသည်။ အသီးများ နှင့် ထိုအသီးဖျော်ရည်များ• တရုတ်ဆီးသီး• ငှက်ပျောသီး• သခွားမွှေးသီး• ကီဝီသီး• ဆီးသီး• လိမ္မော်သီး• စပျစ်သီးခြောက် (Raisins)• ထောပတ်သီး• အုန်းရည် အသီးအနှံများ• ပဲ• ပန်းဂေါ်ဖီစိမ်း• ငရုတ်ကောင်း• မှို• အာလူး• ဖရုံသီး• ဟင်းနုနွယ်ရွက်• […]