Lipid profile ကို စစ်ကြတဲ့အခါမှာ Fasting Sample ကို ယူကြတာ အကျင့်ဖြစ်နေပါတယ်။ အထူးသဖြင့် Triglycerides က Fasting ကျမှ ပိုတိကျတယ်လို့ ယူဆကြလို့ပါ။

ဒါပေမယ့် အခုနောက်ပိုင်းမှာ Non Fasting စစ်လည်း ရတယ် ဆိုတာတွေ ထွက်လာပါတယ်။ တချုိ့ Paper တွေ အရဆို Non Fasting ကတောင် Daily Life ကို ပိုမိုကိုယ်စားပြုလို့ Cardiac risk accessment အတွက် ပိုမို Realistic ဖြစ်တယ်လို့ ဆိုကြပါတယ်။ Patient အတွက်လည်း Convenience ပိုဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ Triglyceride အရမ်းများနေတဲ့ Familial Hyperlipidemia လို case မျိုးမှာတော့ Fasting sample ကို စစ်တာ ပိုကောင်းတယ်လို့တော့ ဆိုတာမျိုးတော့ ဖတ်ဖူးပါသေးတယ်။ စဉ်းစားကြည့်ရင်လည်း အဲ့လို Familial cases တွေကတော့ Genetic ကြောင့် ဖြစ်တဲ့ Mechanism မို့ အစားနဲ့ မဆိုင်အောင် Fasting စစ်စေချင်တာလို့တွေးမိပါတယ်။
အောက်က paper မှာ အသေးစိတ်ဖတ်ရှုလို့ရပါတယ်။

https://pmc.ncbi.nlm.nih.gov/articles/PMC8243861/

Leave a Reply

Your email address will not be published. Required fields are marked *