နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချရန်အတွက် ဘာတွေစားရမလဲ ဘာတွေရှောင်ရမလဲကို သေချာသိလိုသူများအတွက်

များများစားရမည့် အစားအစာများ
– သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များ၊ ပဲပင်များ
– ပင်လယ်စာ သို့မဟုတ် အဆီနည်းသော ကြက်သားကဲ့သို့ အသားများ
– အဆီထုတ်ထားသော နို့ထွက်ပစ္စည်းများ
– သံလွင်ဆီကဲ့သို့ အပင်ဆီအရည်များ
– ဗာဒံစေ့နှင့် သစ်ကြားသီးများကဲ့သို့ ဆားမပါသော အခွံမာသီးများ
– အဆီများသောငါးကို တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ်စားပါ။

လျှော့စားရမည့် အစားအစာများ –
– ပြည့်ဝဆီ၊ ပြန်ကြော်ဆီ၊ အချိုဓာတ်နှင့် အငန်ဓာတ် လွန်ကဲသော အစားအစာများ
– ရယ်ဒီမိတ်နှင့် ကြာရှည်ခံအောင် ပြုပြင်ထားသော အစားအစာများ
– ဝက်သား ဆိတ်သား အမဲသားကဲ့သို့သော အနီရောင်အသားများကို တစ်နေ့လျှင် ခြောက်အောင်စအောက်သာ စားပါ။ (၁၀ ကျပ်သားခန့်)
– တစ်နေ့လျှင် ဆိုဒီယမ် 2,300 မီလီဂရမ် (mg) ထက် မပိုစေရ။ (လက်ဘက်ရည်ဇွန်း တစ်ဇွန်းစာ ပမာဏကို ဆိုလိုပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *